Celebrities & Facebook

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာစာနဲ့ ဇီဝဗေဒ ဘာသာရပ်တွေကို ထူးချွန်စွာ ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ယွန်းယွန်းရဲ့ဂုဏ်ပြုပွဲအခမ်းအနားပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Share ပြုလုပ်သူတွေ များခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌအဖြစ်မှ အနားယူခွင့် တင်ပြချက်ကို အစည်းအရုံးမှ နာယကကြီးများနဲ့ ဦးစီးအမှုဆောင်တွေက ခွင့်မပြုနိုင်တဲ့ သတင်းကိုလည်း Share ပြုလုပ်ခဲ့တဲ့သူတွေ များပြားခဲ့ပါတယ်။

INNO City Love Sharing Concert ဖျော်ဖြေပွဲမှာ ကိုရီးယားအဆိုတော်အဖွဲ့ BADKIZ အဖွဲ့က အဆိုတော် တူးတူးရဲ့ “မပြောင်းလဲတဲ့အချစ်” သီချင်းဖြင့် မြန်မာလို သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း ကြည့်ရှုသူ 100K နဲ့ Share ပြုလုပ်သူ ၂၆၇၃ ထိရှိခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာ ဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ကောလာဟလ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ သူမကတော့ သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ "သင့်ရန်သူတွေကို အမြဲခွင့်လွှတ်ပါ။ ခွင့်လွှတ်တာလောက် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ ဘာမှမရှိဘူး။ (အော်စကာဝိုင်း)" လို့ ရေးထားခဲ့ပါတယ်။