Android for Xiaomi Mi ဖုန်း အသုံးပြုနည်းမျိုးစုံ

ဉာဏ်ကြွယ်

ဒီတစ်ပတ်မှာတော့ ပညာရပ်ဆိုင်ရာစာအုပ်လေးတစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ ဉာဏ်ကြွယ် ရေးသားထားတဲ့ Andriod for Xiaomi (Mi ဖုန်းအသုံးပြုနည်းမျိုးစုံ) ဆိုတဲ့ မိုဘိုင်းဖုန်း ဆိုင်ရာ စာအုပ်လေးပါ။ Xiaomi (mi) ဖုန်းတွေနဲ့ပတ်သက်လို့ ဆော့ဖ်ဝဲပိုင်းဆိုင်ရာကို အသုံးပြုသူကိုယ် တိုင် ဒီစာအုပ်လေးဖတ်ရင်း စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။

Lock Screen ရဲ့ Shortcut အသုံး ကအစပြုပြီး ရက်၊ လ၊ နှစ် နှင့် အချိန်မှားနေရင်ပြန်ပြင်မယ်၊ မြန်မာ စာရိုက်လို့ရအောင် ကီးဘုတ်ထည့်သွင်း အသုံးပြုမယ်၊ Mi Drop အသုံးပြု၍ ဖိုင်မျှဝေ နည်း စတဲ့ အ ကြောင်းအရာတွေ အားလုံးကို ခေါင်းစဉ်ခွဲလေးတွေနဲ့ တစ်ခန်းချင်းဖတ်နိုင်လေ့လာနိုင် မှာဖြစ်ပါတယ်။ ဖုန်းအင်တာနက်လိုင်းကို ကွန်ပျူတာမှာချိတ်ပြီး သုံးနိုင်မယ့်အထိ ရေးသားထား တာတွေ့ရပါတယ်။ စာအုပ်တန်ဖိုးက ၃၀၀၀ ကျပ်ပါ။