အရှေ့တံခါးအ၀င်

ပုညခင်

ညမှာမှ အသက်ဝင်နိုးထ ရတာ ချင်းအတူတူ ခူးဆွတ်ခံရပြီး နွမ်းကြေသွားရမည့် ညမွှေးပန်းနှင့် လည်း အနှိုင်းမခံလို၊ လူတွေက သူ့အော်သံကြားလျှင် ငှက်ဆိုး ထိုးသံဟုသတ်မှတ်ကာ အတိတ် နိမိတ်မကောင်း ဟုယူဆခံရသည့် ညဥ့်ငှက်နှင့်လည်း အနှိုင်းမခံလို၊ မသာလည်း တသာလည်း တရသည့် လမင်းကြီးနှင့်သာ ခိုင်းနှိုင်းခံရချင်သည်၊ သို့သော် ထိုသို့သာ အနှိုင်းခံရလျှင်ဖြင့် လမင်းကြီးကပင် သနသည်ဟု ထင်ဦးမည်…..ဆိုပြီးစာ အုပ်နောက်ကျောဖုံးမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်က ရွှေကြာများစွာသို့ အတွက်ရေးသားထားတဲ့အ ရှေ့တံခါးအ၀င်ဆိုတဲ့ စာအုပ်လေးကို ဒီတစ်ပတ်စာအုပ်အညွှန်းကဏ္ဍမှာ ညွှန်းဆိုချင်ပါတယ်။ ဆရာမပုညခင်ရဲ့ လူဖတ်များတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီးရွှေကြာဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့အကြောင်းကို ရေးဖွဲ့ထားတာပါ။

ဇာတ်လမ်း အသေးစိတ်ကိုတော့ ဖတ်ရင်ပေါ့သွားမှာမို့မပြောပြချင်တော့ပေမယ့် အရမ်းကို ထိစေတဲ့ စာအုပ်လေး တစ်အုပ်လို့ ဆိုချင်ပါတယ်။ ပုညခင်စာအုပ်တိုက်က ထုတ်ဝေပြီး တန်ဖိုးက ၃၅၀၀ ကျပ်ပါ။