17

သီဟလုလင်

ဒီတစ်ပတ်တော့ အသစ်စက်စက်စာအုပ်လေး တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ၀တ္ထုတိုလေးတွေ၊ ကဗျာလေးတွေပေါင်း စပ်ထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ စာအုပ်နာမည်က 17 ဖြစ်ပြီးစာရေးဆရာကတော့ သီဟလုလင်ပါ။ ပညာပေး၊ ဖျော်ဖြေရေး၊ အချစ် အစရှိတဲ့ရသစုံတဲ့ ၀တ္ထုတိုလေးတွေကို ခံစားမှုအား ကောင်းစွာနဲ့ စာရေး ဆရာကရေးသားထားတာ တွေ့ရပါလိမ့်မယ်။ စာအုပ်ထဲမှာပါတဲ့ အထွတ်အထိပ်၊ ချစ်ခြင်းရဲ့လျှို့ဝှက်တံခါး၊ ဆုံမှတ်တစ်ခုမှာစတဲ့ ၀တ္ထုတိုတွေက စာရေးသူရင်ထဲကိုထိစေတဲ့ ၀တ္ထုတိုတွေ ဖြစ်ပါတယ်။ စာအုပ်ရဲ့ အစမှာရေးထားတဲ့ စာသားလေးကလည်း လန်းတယ်ဗျ။ ဒီလိုပါ။ စာအုပ်တွေက အသည်းမခွဲတတ်ဘူး အသည်းကွဲတဲ့အခါမှာတော့ နှစ်သိမ့်ပေးတတ်တယ်၊ စာအုပ်တွေက မချစ်တတ်ဘူး၊ ချစ်မိတဲ့ အခါကျရင်လည်း အားပေးတတ်ပြန်တယ်တဲ့။ ဒီစာအုပ်လေးကတော့ စာရေးသူကို အားပေးတတ်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲလို့ ဆိုချင်ပါတယ်။ စာအုပ်တန်ဖိုးက ၂၀၀၀ ကျပ်ပါ။