မျက်နှာဖုံးများနှင့် လူ (လက်ရွေးစင် ၀တ္ထုတိုစုစည်းမှု)

- မစန္ဒာ၊ ဟန်သုသော်၊ အညို

ဝတ္ထုတိုစုစည်းမှု စာအုပ် လေးတစ်အုပ်ကို ဒီတစ်ပတ် မိတ်ဆက်ပေးချင်ပါတယ်။ စာရေးဆရာသုံး ယောက်ရေး သားထားတဲ့ ၀တ္ထုလေးတွေ ပါ။ စာအုပ်ခေါင်းစဉ်ကမျက်နှာ ဖုံးများနှင့်လူလို့အမည် ရပါ တယ်။ စုစုပေါင်း ၀တ္ထုတို ၁၂ ပုဒ်ပါဝင်ပါတယ်။ စာရေးဆရာတွေရဲ့ လက်ရွေးစင်တွေချည်း ပေါင်းထားတာမို့ ခံစားမှုရသဝတ္ထုတို လေးတွေကို ထိထိမိမိဖတ်ရှုနိုင် မယ်လို့ဆိုပါရစေ။ စာရေးသူကတော့ ပိတ်ရက်မှာ ဖတ်ပြီးပြီမို့ ဘ၀သရုပ်ဖော်ရသတွေကို လက်တွေ့ကျကျ မြင်နိုင်မယ့် ၀တ္ထုလေး တွေလို့ ညွှန်းဆိုချင်ပါတယ်။ ခြုံပ၀ါလေးတစ်ထည်၊ မောင့်စွမ်းဆောင်ရှင်၊ အစာ၊ ဈေးတွက်၊ ဧရာဝတီမြစ်ကမ်းဘေးကလူ၊ သူ့ကုသိုလ်၊ ငှက်တစ်ကောင်နှင့်လူ၊အပြန်ခရီး၊ ခရီးသည်များ၊ အပိန် အပဲ့တို့၏သမိုင်း၊ မိုးခါးရေ၊ သူ စောင့်တဲ့ဥပုသ် ဆိုတဲ့ ၁၂ ပုဒ်ဖြစ် ပါတယ်။ တစ်ပုဒ်တစ်မျိုးစီ ခံစားမှုပေးနိုင်ပြီး ဘ၀မှာကြုံတွေ့ရတဲ့ဖြတ်သန်းမှု အခက်အခဲတွေကို ရေးသားမှု ရသစွမ်းအားတွေနဲ့ မီးမောင်းထိုးပြထားပါတယ်။ စာအုပ်တန်ဖိုးက ၂၀၀၀ ကျပ်ပါ။