တပြည်သူမရွှေထား

- တက္ကသိုလ်ဘုန်းနိုင်

ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းထားတာကိုလည်း စာရေးသူတို့မမီလိုက်သလိုစာအုပ်ထွက်ခဲ့တဲ့ တတိယအကြိမ်ကာလ အထိမှာလည်း စာရေးသူတို့ မွေးဖွားတဲ့အချိန် မဟုတ်သေးပါဘူး။ ဒါပေမဲ့ တပြည်သူ မရွှေထားဆိုတဲ့ ရုပ်ရှင်နဲ့စာအုပ်ကတော့ငယ်ရွယ်စဉ် ဘ၀ကတည်းက ရင်းနှီးနေခဲ့ပြီးသားပါ။

ကံ့ကော်ဝတ်ရည် စာပေကနေ ၁၉၉၆ မှာ စတုတ္ထအကြိမ် အဖြစ်နဲ့ ၂၀၀၆ ခုနှစ် ဇွန်လမှာ ပဉ္စမအကြိမ်အဖြစ် ထုတ်ဝေခဲ့တယ်လို့ စာအုပ်ပုံနှိပ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စာရေးသူဝယ် ဖတ်ဖြစ်ခဲ့တာလည်း ကံ့ကော်ဝတ်ရည် စာပေကထုတ်တဲ့ စာအုပ်အသစ်လေးပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တပြည်သူမရွှေထား ဘာကြောင့် လူပြောများသလဲ၊ ဘယ်လိုရသတွေပေးစွမ်းသလဲ ဆိုတာကိုတော့ကိုယ်တိုင်ဖတ်ရှုတဲ့အခါမှပဲ မျက်ဝါးထင်ထင်တွေ့ရပါတော့တယ်။

ခေတ်တွေရဲ့ ပြယုဂ်ကိုတွေ့ ရသလို လူတစ်ယောက်ရဲ့နူးညံ့ သိမ်မွေ့လှတဲ့ ချစ်ခြင်းမေတ္တာ တရားကိုအ ပြည့်အ၀တွေ့နိုင်ပါ တယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် အပြောင်းအလဲတွေကို ပြည်မြို့နောက်ခံနဲ့ရင် သပ်ရှုမောဖွယ် ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ ခေတ်လူငယ်တွေ ဖတ်ကြည့်စေချင်တဲ့ စာအုပ်လေးလို့ပြောချင်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုတော့ ပေါ့သွားမှာမို့မပြောပြတော့ပါဘူးနော်။

မောင့်ထားသခင် မြစိမ်းရှင်ထံ မကြင်သူအား ကြင်မိမှားမို့ သနားခွင့်ထူး မပန်ဖူးပါနွေဦးအတိတ် ချစ်နိမိတ်ဟု ဖိုလ်ဟိတ်ထင်မှတ် သည်လွှမ်းဇာတ်ကား ထုပ္ပတ်စတင်ဦးမှာပင်က သက်ငင်ရွက်တို့ ကြွေသောလ လို့ဆိုပါတယ်။ စာအုပ်တန်ဖိုးက ၃၇၀၀ ကျပ်ပါ။