စုခရတ္တိ

- ညီမင်းညို

ဒီတစ်ပတ်မှာတော့ ကဗျာစာအုပ်လေးတစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ ညီမင်းညိုရဲ့ စုခရတ္တိ ဆိုတဲ့ ကဗျာစုစည်းမှုလေးပါ။ 

ဒီစာအုပ်မှာပါရှိတဲ့ကဗျာတွေ အားလုံးဟာ ၈.၈.၁၉၈၈. ကနေ ၈.၈.၂၀၁၃. အထိ အဲဒီကာလအတွင်းက ညစ်ပတ်ခဲ့တဲ့လူများ၊ မူများ၊ စနစ်များ၊ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရမှုများနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီသူရဲကောင်းများအားလုံးကို ရည်ညွှန်း ပါကြောင်းလို့ ရေးသားထားတာ တွေ့ရပါတယ်။

လေးနက်တဲ့ ကဗျာစာသား တွေကိုဖတ်ရှုရင်း  အတွေးနယ် လေးတွေချဲ့ဖို့  အကောင်းဆုံး စာအုပ်လေး တစ်အုပ်လည်းဖြစ်တယ်လို့ဆိုချင်ပါတယ်။ ခေတ်ရဲ့အမှောင်၊ ခေတ်ရဲ့ ကွေ့ကောက်တဲ့ အနာဂတ်၊ ခေတ်ရဲ့ မီးကျိုးမောင်းပျက်ပ ညာရေးခရီးနဲ့ ဘ၀တွေအပေါ် လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ထားတဲ့ အာဏာရှင်၊ အာ ဏာရူး တို့ရဲ့အတ္တ၊ လောဘ၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တတ်နိုင်တဲ့ ကလောင်လက်နက်နဲ့ တတ်စွမ်းသမျှပုန်ကန်ခဲ့တာ….ခုနေခါပြန်မြင်ရတော့ ကျေနပ်စိတ်ဖြစ်မိပါတယ်လို့ စာရေးသူက ညွှန်းဆိုထားပါတယ်။ စာအုပ်တန်ဖိုး ၁၅၀၀ ကျပ်ပါ။