Social Voice

တစ်ပတ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ အကြော်ကြားဆုံး ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို စုစည်းဖော်ပြလိုက် ပါတယ်။ လူအများဆုံး စိတ်ဝင်စားသော အကြောင်းအရာများနဲ့ မျှဝေမှုအများဆုံးသော အကြောင်းအရာတွေကို သာ IJ Mobile က ကောက်နှုတ်ဖော်ပြ ပေးခြင်းသာ ဖြစ်ပါတယ်။


၁။ ဖိုးတခေတ်မွေးနေ့
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းရွာအနီး ဒေသအခေါ် ဖိုးတခေတ်ကုန်းတွင် ကရင်ရသေ့ဟု ခေါ်ဆိုနေသည့် ဖိုးတခေတ်၏ မွေးနေ့ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၉)ရက်မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို 7 Day News စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ မြေကြီးမနင်းတဲ့ ဖိုးတခေတ် ၊ မှတ်ပုံတွေ ထုတ်ပေးတဲ့ ဖိုးတခေတ် ကျွဲဖြူကြီးစီးတဲ့ ဖိုးတခေတ် အဲဒီဖိုးတခေတ်သတင်းကို လူအများကို စိတ်ဝင်စားခဲ့ကြပါတယ်။ ဝေဖန်တဲ့ Comment တွေဆူညံနေပြီ Share အဖြစ်နဲ့ မျှဝေနေသူတွေလည်း အလွန်များပါတယ်။ ဒီနေ့ကတော့ ဖိုးတခေတ်နေ့ပါပဲ။ (ဒီဇင်ဘာ ၂၂)


၂။ ရဲအုပ်သုံးဦးနဲ့ ကျောင်းသူတစ်ယောက်
ဒီနေ့မှာတော့ သတင်းနှစ်ပုဒ်ကိုလူအများစိတ်ဝင်စားစေခဲ့ပါတယ်။ ပျဉ်းမနားမှာရှိတဲ့ ကေတီဗီတစ်ခုမှာ ရဲအုပ်သုံးဦး ဓားနဲ့အခုတ်ခံရတဲ့ သတင်းနဲ့ ပြည်မြို့ န၀ဒေးတံတားပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ တက္ကသိုလ် ကျောင်သူတစ်ဦးရဲ့ သတင်းပါ။ တက္ကကျောင်းသူသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ ပြည်မြို့ ဖေ့စ်ဘုတ် အသုံးပြုသူတွေက ဦးစွာဖော်ပြခဲ့ကြပြီး သတင်းစာတွေရဲ့ စာမျက်နှာမှတော့ နောက်ကျပြီးမှ ဖော်ပြခဲ့ပါတယ်။ ဘာကြောင့် ခုန်ချခဲ့တယ်ဆိုတာ မသိရသေးတဲ့အတွက် ဖေ့စ်ဘုတ်အသုံးပြုသူတွေက ထုံးစံအတိုင်း ထင်ကြေး အမျိုးမျိုးပေးသူကပေးပြီး သနားဂရုဏာရှိသူတွေကလည်း ရှိနေခဲ့ပါတယ်။ ရဲအုပ်သုံးဦး ဓားခုတ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သတ်လို့ကတော့ ကေတီဗီမှာ အခုတ်ခံရတာ ဖြစ်တဲ့အတွက် ရဲအုပ်တွေကို ဝေဖန်ပြောဆိုနေကြ ပါတယ်။ (ဒီဇင်ဘာ ၁၅)


၃။ သင်တန်းပေးမယ်
အရွှေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို သင်တန်းပေးမယ်ဆိုတဲ့ တရင်းဝင်ထုတ်ပြန်စာကို လူအများ စိတ်ဝင်စားခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တဲ့ တရားဝင်စားဖြစ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှာ လူဦးရေ ၂၅၀၀ ကျော်က Like ပြုလုပ်ခဲ့ကြပြီး လူဦးရေ ၆၀၀ ကျော်က Share ပြုလုပ်ခဲ့ကြပါတယ်။ သိသင့်သိထိုက်သော ဘာသာရပ်များကို သင်ကြားပို့ချမည်ဟု၍သာ ရေးသားထားသည့်အတွက် စောင့်ကြည့်လေ့လာသူများကို ပိုလို့စိတ်ဝင်စားခဲ့ပါတယ်။ Comment ပေးသူများ ကတော့ဒီသင်တန်းကို  ထောက်ခံခဲ့ပြီး အားပေးမှုတွေအနေနဲ့လည်း ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။ (ဒီဇင်ဘာ ၁၄)

၎။ ပင်စင်ရမယ်
လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်အနေနဲ့ တစ်လုံးတည်း ရရှိမည်ဟုသော သတင်းဟာ ဒီနေ့ အတွက် အကြော်ကြားဆုံးသတင်းဖြစ်ခဲ့ပါတယ်။ သတင်းမီဒီယာတွေက ဒီသတင်းကို ဖော်ပြကြသလို တစ်ဦး ခြင်းဖေ့စ်ဘုတ်အသုံးပြုသတွေကလည်း ဒီသတင်းကို မျှဝေခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးရတဲ့လစာကို လုပ်သက်နဲ့မြှောက်ပြီး ပင်စင်လစာကို တစ်လုံးတည်းရမှာဖြစ်တယ်လို့ သတင်း တွေက ဖော်ထားပြီး ၅ နှစ်သက်တမ်းရှိတဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သိန်း ၅၀ ရရှိမယ်လို့လည်းသိရပါတယ်။ Comment ပေးသူကတော့ ဘယ်လောက်ချမ်းသာနေလို့ ဒီလောက်ပေးရတာလဲ။ အလုပ်တွေတွေမပြီးဘဲ ဘာလို့ ပင်စင်လစာပေးရမှာလဲ စသည်ဖြင့် အမျိုးမျိုးဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ ဘာပဲပြောပြော လွှတ်တော် ကိုယ်စားလှယ်တွေကို ပင်စင်တစ်လုံးတည်းပေးမယ်ဆိုတာကိုတော့ လူတွေစိတ်ဝင်စားကြပါတယ်။ (ဒီဇင်ဘာ ၁၄)

၅။ အမှိုတ်ကောက်သောနေ့
လူတိုင်းသိတဲ့နေ့ပါပဲ။ ဖေ့စ်ဘုတ်ခွင်လုံး အမှိုတ်ကောက်တဲ့နေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှိုတ်ကောက်နေတဲ့ပုံတွေ ပလူပျံနေလို့ပါပဲ။ သတင်းမီဒီယာတွေ ကလည်း သူမ မဲနိုင်ခဲ့တဲ့ကော့မူးမြို့နယ်ထဲမှာ အမှိုတ်ကောက်နေတဲ့ပုံတွေကို နံနက်အစောကြီးတင်ဆက် ခဲ့ပါတယ်။ အမျိုးမျိုးသော ဖေ့စ်ဘုတ်အသုံးပြုသူတွေကလည်း ဒီပုံတွေ မျှဝေခံစားခဲ့ကြပါတယ်။ ပြီးတော့ ဝေဖန်ချက်အမျိုးမျိုးလည်း ရေးသားခဲ့ကြပါသေးတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားဂုဏ်ယူစွာနဲ့ ပြောဆိုရေးသားခဲ့ပေမယ့်လည်း အမြင်မတူသူတွေကတော့ တကယ်လိုအပ်တဲ့ နေရာတွေမှာ မကောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အမှိုတ်ကောက်တိုင်း နာမည်ကြီးချင်လို့ သူတို့တွေ အမှိုတ်လိုက်ကောက်နေကြတယ်။ စသည်ဖြင့်လည်း အခြားသော နာမည်ကျော် အနုပညာရှင်တွေ အမှိုတ် ကောက်ကြတာကိုလည်း သရောခဲ့ပါသေးတယ်။ (ဒီဇင်ဘာ ၁၃)


၆။ အလှမယ်နေ့
2015 Miss Universe ရဲ့နောက်ဆုံးဆုရရှိခဲ့သူကို ကြေညာခဲ့တဲ့နေ့ပါ။ ဖိလစ်ပိုင် - ဂျာမန် စပ်ဖြစ်သူ Pia Alonzo Wurtzbach ဆုရရှိခဲ့တဲ့နောက်ပိုင်း မြန်မာပြည်က ဖေ့စ်ဘုတ်အသုံးပြုသူတွေဟာ မြန်မာပြည်ဖွား မေဘရဏီသော်ရဲ့ ဓာက်ပုံတွေကို တင်ဆက်ခဲ့ကြပြီး သူလောက်မလှဘဲ ဆုရရှိတယ်သွားတယ်ဆိုပြီး ပြောဆိုရေးသားခဲ့ကြပါတယ်။ Pia Alonzo Wurtzbach ဆုရရှိခဲ့တဲ့ သတင်းတွေကို မီဒီယာတွေကနေ ဖော်ပြခဲ့ပြီးနောက်ပိုင်း 2015 Miss Universe ရဲ့ ဓာက်ပုံတွေဟာ ဖေ့စ်ဘုတ်စာမျက်နှာပေါ်  အလျိုလျိုပေါ်  ရောက်ရှိလာပါတော့တယ်။ တစ်ချို့လည်း ဆုရရှိသူက အရမ်းလှတယ်လို့ ချီးကျူးခဲ့ပေးမယ့် တစ်ချို့လည်း မေဘရဏီသော်သာ ချော်မလဲခဲ့ဘူးဆိုရင် ဆုရရှမယ်လို့လည်း ပြောဆိုသူတွေလည်းရှိပါတယ်။ မေဘရဏီရဲ့ ဓာက်ပုံတွေ လက်ရှိဆုရရှိသွားတဲ့ Pia Alonzo Wurtzbach ဓာက်ပုံတွေဟာ ဒီနေ့အတွက် ပြန့်ကျဲနေခဲ့တဲ့ အတွက် ဒီနေ့ဟာ အလှမယ်နေ့ပါပဲ။ (ဒီဇင်ဘာ ၂၁)

 

Related Articles