တစ်ပတ်စာသင့်အတွက်ကံကြမ္မာ

မင်းသိင်္ခမူအတိုင်းဟောသည် (စက်တင်ဘာလ ၉ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ) တစ်ပတ်စာသင့်အတွက်ကံကြမ္မာ

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း ငွေရှာရ ခက်ခဲနေတတ်သည်။ လာပြန်လျှင်လည်း ပြန်ထွက်နေတတ်ပါသည်။ ငွေကြောင့် စိတ်ညစ်စရာ ကြုံရတတ်ပါသည်။ စီးပွားရေး အလုပ်အကိုင်ကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတတ်ပါသည်။ အချစ်ရေးတွင်မကြာခဏစကား များလိုက်၊ စိတ်ကောက်လိုက် ဖြစ်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ဦးနှင့် တစ်ဦး အေးတိအေးစက်ဖြစ်နေတတ်ပါသည်။ မိမိဖုန်းကို သူတစ်ပါးက ငှားယူ သုံးစွဲတတ်သည်။ ဖုန်းမေ့ကျန်တတ်ပါသည်။

ယတြာ။။ သံဃာတော်တစ်ပါးအား ယပ်တောင်ကပ်လှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။

Pages