တစ်ပတ်စာသင့်အတွက်ကံကြမ္မာ

မင်းသိင်္ခမူအတိုင်းဟောသည် (စက်တင်ဘာလ ၂၃ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ) တစ်ပတ်စာသင့်အတွက်ကံကြမ္မာ

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း ငွေကြေးနှင့်ပတ်သက်၍ ဝင်လည်းဝင်မည်ထွက်လည်း ထွက်တတ်ပါသည်။ ငွေမမြဲလုပ်ငန်းအကြံအစည်တို့  အောင်မြင်ပါလိမ့်မည်။ အကူအညီ ကောင်းများလည်းရတတ်ပါသည်။ သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း၊ အစားမှားခြင်းတို့ ဖြစ်တတ်ပါသည်။ သင့်၏ ဖုန်းပျက်စီး၊ ပျောက်ဆုံးတတ်ခြင်း၊ အဟောင်းထွက်၍ အသစ်ဝင်ခြင်းဖြစ်တတ်သည်။

ယတြာ။။ သံဃာတော်တစ်ပါးအား ယပ်တောင်ကပ်လှူ၍ သင် အလိုရှိရာကို ဆုတောင်းလိုက် ပါလေ။

တနင်္လာ

ဒီတစ်ပတ်အတွင်း ငွေကြေးနှင့် ပတ်သက်၍ ဝင်လည်း ဝင်မည်ထွက်လည်း ထွက်တတ်ပါသည်။ ငွေမမြဲတတ်ပါ။ အလုပ်သင်အလုပ်ပိုတို့ လုပ်ရတတ်သော အချိန် ဖြစ်ပါသည်။ အလုပ်နှင့်ဆိုင်သော ခရီးများရတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူ၏ လိမ်ညာလှည့်ဖြားခြင်းကို ခံရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့် တစ်ယောက် အထင်အမြင်မှားတတ်ပါသည်။ သူတစ်ပါးဖုန်း အသစ်ဝယ်ခြင်း၊ ဖုန်းပြုပြင်ခြင်းကိစ္စတွင် ကြားဝင် ကူညီရတတ်သည်။

ယတြာ။။ အိမ်ဘုရားတွင် နန်းကြီးသုပ်ကပ်လှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။

အင်္ဂါ

ဒီတစ်ပတ်အတွင်း ငွေရှာရ ခက်ခဲနေတတ်သည်။ လာပြန် လျှင်လည်း ပြန်ထွက်နေတတ်ပါသည်။ ငွေကြောင့် စိတ်ညစ်စရာ ကြုံရတတ်ပါသည်။ စီးပွားရေး အလုပ်အကိုင်ကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတတ်ပါသည်။ လေထိုးလေအောင့် ဖြစ်ခြင်း၊ တစ်ခါတစ်ရံ ခေါင်းမူးခြင်း ဖြစ်တတ်ပါသည်။ မိမိဖုန်းကို သူတစ်ပါးက ငှားယူသုံးစွဲတတ်သည်။ ဖုန်းမေ့ကျန်တတ်ပါသည်။

ယတြာ။။ သံဃာတော်တစ်ပါးအား တိုဟူးကျော်ကပ်လှူ၍ သင်အလိုရှိရာကို ဆုတောင်း လိုက်ပါလေ။

ဗုဒ္ဓဟူး

ဒီတစ်ပတ်အတွင်း ဝင်ငွေကောင်းပါလိမ့်မည်။ လာဘ်ပွင့်ပြီး ငွေအလုံးအရင်းလိုက် ရတတ်ပါသည်။ အကြံဉာဏ်ကောင်းများ ပေါ်မည်။ အလုပ်တိုးချဲ့ရတတ်ပါသည်။ အခွင့်အရေးကောင်းများရရှိ ပါလိမ့်မည်။ ဆီးရောဂါ၊ မျက်စိရှေ့ရောဂါ၊ နံရိုးနား တစ်ဝိုက်စူး အောင့်ဖြစ်သည့် ဝေဒနာခံစားရတတ်ပါသည်။ မိမိဖုန်းကို သူတစ်ပါးက ငှားယူသုံးစွဲတတ်သည်။ ဖုန်း မေ့ကျန်တတ်ပါသည်။

ယတြာ။။ အိမ်ဘုရားတွင် ပန်းသစ်တော်ကပ်လှူပြီး သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။

ကြာသပတေး

ဒီတစ်ပတ်အတွင်း ဝင်ငွေ ကောင်းပါလိမ့်မည်။ လာဘ်ပွင့်ပြီး ငွေအလုံးအရင်း လိုက်ရတတ်ပါသည်။ လုပ်ငန်းအကြံအစည်တို့ မရေရာ၊ မသေချာ ဖြစ်နေတတ် ပါသည်။ အလုပ်ကိစ္စတို့ မပြီးပြတ် တိုးလို့တန်းလန်း ဖြစ်တတ်ပါသည်။ အချစ်ရေးတွင် ချစ်သူ၏ အရေးပေး ဂရုစိုက်ခြင်းကို ခံရတတ်ပါသည်။ အိမ်ထောင်ရေးတွင် အဆင်ပြေလိုက်၊ မပြေလိုက် ဖြစ်တတ်ပါသည်။ ဖုန်းအသစ်ဝင်လာခြင်း၊ ဖုန်းနှင့်သက်ဆိုင်သည့်  အလှဆင်ပစ္စည်းများ ဝင်ခြင်းတို့ ဖြစ် တတ်ပါသည်။

ယတြာ။။ ထန်းလျက်ခဲအား ခွေးကျွေး၍ သင်အလိုရှိရာကို ဆု တောင်းလိုက်ပါလေ။

သောကြာ

ဒီတစ်ပတ်အတွင်း ငွေနှင့်ပတ် သက်၍ သတင်းကောင်းကြားရပါ လိမ့်မည်။ မကြာခဏလည်း လာဘ်ပွင့်၍ ငွေဝင်တတ်ပါသည်။ လုပ်ငန်းအကြံအစည်တို့ အောင်မြင်ပါလိမ့်မည်။ အကူအညီ ကောင်းများလည်း ရတတ်ပါသည်။ အချစ်ရေးတွင် စန်းပွင့်နေ တတ်ပါသည်။ အချစ်ရေးကံကောင်းပြီး ပျော်ရွှင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် သူတစ်ပါးကိစ္စကြောင့် အိမ်ပူအိမ်ဆူ ဖြစ်တတ်ပါသည်။ ဖုန်းမှန်ကွဲခြင်း၊ ပျက်စီးခြင်းဖြစ်တတ်သည်။ စိတ်မကောင်း သတင်းစကားများကို ဖုန်းဖြင့် ကြားရတတ်သည်။

ယတြာ။။ ဘဲသားဟင်းအား ဆွမ်းတော်ကပ်လှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။

စနေ

ဒီတစ်ပတ်အတွင်း အကြောင်းမဲ့ ငွေထွက်တတ်ပါသည်။ ငွေဆုံး ရှုံးခြင်း၊ ငွေသိမ်းခံရခြင်းတို့ ဖြစ်တတ်သည်။ သတိထားပါ။ အလုပ်သင်အလုပ်ပိုတို့ လုပ်ရတတ်သော အချိန်ဖြစ်ပါသည်။ အလုပ် နှင့်ဆိုင်သော ခရီးများရတတ်ပါ သည်။ နားရောဂါ၊ဒူးနာခြင်း၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်သည့် ဝေဒနာတို့ ခံစားရတတ်ပါသည်။ သင့်၏ ဖုန်းပျက်စီး၊ ပျောက်ဆုံးတတ်ခြင်း၊ အဟောင်းထွက်၍ အသစ်ဝင်ခြင်း ဖြစ်တတ်သည်။ ယတြာ။။ တံမြက်စည်းလှူ၍ သင်အလိုရှိရာကို ဆုတောင်းလိုက်ပါလေ။